သတ်မှတ်ထားပြီးသား
ဘောလုံးပွဲကြည့်ရသည်ကို ကျွန်တော် နှစ်သက်သည်။ ကျွန်တော်က ပရီးမီးယားလိဂ်တွင် `လီဗာပူးလ်’အသင်း၏ အမာခံပရိသတ်လည်း ဖြစ် သည်။ ဂိုးတစ်ဂိုး (သို့) အမှားတစ်ကွက်က ပွဲစဉ် တစ်လျှောက်လုံး၏ ရလဒ်ကို ပြောင်းလဲနိုင်စေခြင်း ကြောင့် အနီရောင်အားကစားသမားတို့ ကစားနေပုံ ကိုကြည့်ပြီး ကျွန်တော်စိတ်လှုပ်ရှား စိတ်ပူပန်ရ သည်။ တိုက်ရိုက်ထုတ်လွှင့်သည့် ဘောလုံးပွဲ ကြည့်သည့် တစ်လျှောက်လုံး စိတ်ဖိစီးမှုကို ခံစား ရ၏။ ထိုခံစားချက်သည်ပင် အားကစားပွဲကိုနှစ်ခြိုက် ရသည့် အကြောင်းရင်း တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ မကြာသေးမီက ထုတ်လွှင့်ခဲ့ပြီးသော `လီဗာပူးလ်’ ပွဲ တစ်ပွဲကို အခွေမှ ပြန်ကြည့်ရာ၊ စိတ်အေးလက်အေး ကြည့်နေသော မိမိကိုယ်ကို အံ့ဩမိသည်။ အဘယ် ကြောင့်ဆိုသော် နောက်ဆုံးရလဒ်ဂိုးကို သိနှင့်ပြီးသားဖြစ်သောကြောင့် စိတ်သက်သာစွာနှင့် ကစားပွဲကို ကြည်နူးစွာ ခံစားနိုင်ခြင်းပါ။
ဘ၀အသက်တာသည်လည်း တစ်ခါတစ်ရံတွင် တိုက်ရိုက်ထုတ်လွှင့်သည့် ဘောလုံးပွဲကို ကြည့်နေရသကဲ့သို့…
အိပ်စက်ခြင်းလက်ဆောင်
ကျန်းမာရေးကောင်းရန် အိပ်စက်အနား ယူရန် လိုအပ်သည်။ ဘာကြောင့် အိပ်စက်ရန် လိုသည်ကို သိပ္ပံပညာရှင်များက အတိအကျမသိ ငြားလည်း အိပ်ရေးမ၀ပါက ဘာဖြစ်မည်ကိုဖြင့် သူတို့သိသည်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ အအေးမိနှာစေးခြင်း မှ အစ ကင်ဆာအထိ ရောဂါဖြစ်ပွားနိုင်ခြင်းစသည့်အန္တရာယ်တို့ရှိပါသည်။ အိပ်မက်ကမ္ဘာသို့ ကျွန်ုပ်တို့ စီးမျောသွားစဉ် ကျွန်ုပ်တို့၏ခန္ဓာတွင်း ဘုရားသခင် ၏ ဖြည့်ဆည်းလုပ်ဆောင်ပေးသည့်အမှုမှာ သာမန် အမှုမဟုတ်ပါ။ ကျွန်ုပ်တို့ဘာမျှမလုပ်ဘဲ ရှိနေစဉ် ဘုရားသခင်က ကျွန်ုပ်တို့၏ ခွန်အား၊ အားအင်ကို ပြန်ဖြည့်ပေးသည်။ ဆဲလ်များ ပြန်လည်ပြုပြင် တည်ဆောက်ပေးသည်။ ထို့အပြင် ဦးနှောက်၌ သတင်းအချက်အလက်များကို စနစ်တကျ စုစည်းပေးသည်။
အိပ်ရေးမ၀သည့် အကြောင်းရင်းများစွာရှိပြီး အချို့ကို ဖြေရှင်း၍မရပါ။ သို့သော် နှုတ်တော်ထွက်ကျမ်းစာ၌ အလုပ်လုပ်လွန်း၍ အိပ်ပျက်ရခြင်းမျိုး မရှိသင့်ကြောင်း ဖော်ပြထားသည်(ဆာ၊၁၂၇း၂)။ အိပ်စက်ခြင်းသည် ဘုရားသခင်ထံမှလာသော လက်ဆောင် ဖြစ်ပြီး ကျေးဇူးတင်စွာဖြင့်…
မျက်မြင်သက်သေ၏ သက်သေခံချက်
နာမည်ကျော်ပုဂ္ဂိုလ်များ၏အတ္ထုပ္ပတ္တိ ရိုက်ကူးရေးအတွက် Day of Discovery တယ်လီ ဗွီးရှင်း အဖွဲ့ဝင်များက တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်သည်။ အထူးသဖြင့် ၄င်းတို့တင်ဆက်သည့် ပုဂ္ဂိုလ်ကို သိကျွမ်းသူများနှင့် စကားပြောခန်းမှာ အားရကျေနပ်စရာ ကောင်းလှသည်။ တရုတ်နိုင်ငံ စစ်အကျဉ်းစခန်း၌ `အဲရစ်လစ်ဒဲ’ နှင့်တစ်ခန်းတည်း အကျဉ်းကျခဲ့သူ၊ ဒုတိယကမ္ဘာစစ်အတွင်း C.S. Lewis ၏နေအိမ်တွင် ဆယ်ကျော်သက်အရွယ်က နေထိုင်ခဲ့သည့်အမျိုးသမီး၊ အမေရိကတောင်ပိုင်း တစ်လျှောက်တွင် မိန့်ခွန်းပြောကြားရန် သွားသည့် `ဒေါက်တာ ဂျော့ဝါရှင်တန်ကာဗာ’ကို ကားမောင်းပို့ ပေးခဲ့ရသူစသည့် လူတို့နှင့်စကားပြောဆိုခွင့်ရခဲ့ ပါသည်။ ထိုသူအားလုံးက သူတို့သိကျွမ်းသည့် အထူးပုဂ္ဂိုလ်များ၏ အကြောင်းကို လွတ်လပ် ပွင့်လင်းစွာ ပြောပြခဲ့ကြသည်။
သခင်ယေရှု၏တပည့်တော် (၁၂) ပါး၌ တစ်ပါးဖြစ်သည့် ရှင်ယောဟန်သည် အသက်ရလာချိန်တွင် သခင်ယေရှုအား မျက်မြင်ကိုယ်တွေ့၊ အနီးကပ် ရင်းနှီးကျွမ်းဝင်သူ အဖြစ် သူရေးသော စာ၏အဖွင့်၌ သူ့ကိုယ်ကို ဖော်ပြထားသည်။…
ဝိညာဉ်ရေးရာအမြင်ရှုထောင့်
ကျူးဘားထောင်၌ (၁၄)နှစ် ကြာအောင် အသက်ဆက်နိုင်ခဲ့သည့် အကျဉ်းသားတစ်ဦးက သူ့စိတ်ဓာတ်မြှင့်တင်ပြီး မျှော်လင့်ခြင်းကို ရှင်သန် စေခဲ့ပုံကို ပြောပြခဲ့သည်။ “ကျွန်တော့်ရဲ့ အကျဉ်း ခန်းမှာ ပြတင်းပေါက်မရှိပါဘူး။ ဒါကြောင့် စိတ်ကူးနဲ့ တံခါးပေါ်မှာ ပြတင်းပေါက်တစ်ပေါက် ဖောက်ခဲ့ တယ်။ ကျွန်တော့်ရဲ့စိတ်ကူးထဲမှာ တောင်တန်းပေါ် က မြင်ရတဲ့ လှပတဲ့ရှုခင်းတွေ ကျောက်ကြား၊ လျှို မြောင်ထဲက စိမ့်ထွက်စီးဆင်းနေတဲ့ ရေလေးတွေ ကို မြင်ယောင်ကြည့်ခဲ့တယ်။ ထောင်တံခါးကိုကြည့် လိုက်တိုင်း ဘာမှကြိုးစားအားထုတ်စရာမလိုဘဲ ဒီမြင်ကွင်းတွေဟာ အသက်ဝင်လာတယ်” ဟုဆို သည်။
ကျမ်းစာထဲတွင် ဖိလိပ္ပိ၊ ကောလောသဲ၊ ဧဖက်မြို့များသို့ ရေးသားသည့် မျှော်လင့်ခြင်းနှင့် ဆိုင်သည့် သြ၀ါဒစာစောင်များကို ရှင်ပေါလုသည် ရောမမြို့တွင် အကျဉ်းခံရစဉ်ရေးခဲ့ခြင်း ဖြစ်သည်။ ဧဖက်မြို့သို့ပေးသော စာစောင်တွင် ရှင်ပေါလုသည် သူအကျဉ်းချ ချုပ်နှောင် ခံရခြင်းကိုကျော်ပြီး တွေးမြင်ထားသည့်ဘ၀အကြောင်းကို တစ်စေ့တစ်စောင်း ရေးခဲ့ခြင်း…
မှန်အောင်ပြန်တည့်မတ်ပေးခြင်း
နေသာပြီး နွေးထွေးသည့် နေ့ဖြစ်၍ ဂိုဒေါင် ထဲမှပစ္စည်းများကို ရောင်းချရန်အတွက် သင့်တော် သော နေ့တစ်နေ့ပင်။ လူများက အ၀တ်အစားများ၊ စက္ကူပုံး၊ စာအုပ်များ၊ အစုံလိုက်မဟုတ်တော့သည့် ပန်းကန်ပြားများကို လှန်လှော ရှာဖွေကြည့်ကြ သည်။ မိန်းမပျိုတစ်ယောက်က ပုလဲပုတီးအဖြူ ရောင်ကို ကြည့်နေကြောင်း ကျွန်မသတိပြုမိသည်။ မိနစ်အနည်းငယ် အကြာတွင် ထိုမိန်းမပျိုရော ဆွဲကြိုးပါ ပျောက်သွားသည်။ ထိုမိန်းမငယ် ပြန်ထွက် သွားသည်ကို လှမ်းတွေ့လိုက်၍ အမြန်လိုက် သွားရာ သူ့လက်ထဲ၌ ပုတီးလေးကို တွေ့လိုက် ရသည်။ ကျွန်မတို့ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းဆုံမိပြီး အဖြစ်အပျက်ကို အလိုလိုသဘောပေါက်ကာ သူမက ခိုးယူလာသည့် ပစ္စည်းအတွက် ပိုက်ဆံကိုပေးချေခဲ့သည်။
သစ်ပင်ပေါ်မှ အခွန်ခံ ဇက္ခဲသည် ခရစ်တော်နှင့်တွေ့ပြီးနောက် ပြောင်းလဲသွား သည်။ အခြားသူတို့ထံမှ မတရားယူထားသည့် ငွေများကို လေးဆပြန်ပေးမည်ဟု ၀န်ခံ ကတိပေးခဲ့သည်။ ထိုခေတ်က…
အပြစ်သားများ သွားသောနေရာ
ကျွန်တော့် မိတ်ဆွေနှင့် ယုံကြည်ခြင်း အကြောင်းဆွေးနွေး၍ မကောင်းသော ခရစ်ယာန် တစ်ယောက်တို့ စကားပြောနေကြသည်။ ဘုရား တရားကိုင်းရှိုင်းသူ ပုံဖမ်းနေပါက သူသက်သေ ခံနိုင်မည့် အခွင့်အရေး ထိခိုက်နိုင်ကြောင်းကျွန်တော့် သူငယ်ချင်းကသိနှင့်သည်။ သို့နှင့် စကားပြောနေရင်း “ဟေ့ ဘော၊့ အပြစ်သားတွေဘယ်ကိုသွားလဲဆိုတာ သိလား?” ဟု မေးလိုက်ရာ၊ ဘော့က“ဒါလေးများ၊ အပြစ်သားတွေ ငရဲကိုသွားတယ်လို့ပြောမလို့လား” “မဟုတ်ဘူး။ သူတို့ ဘုရားကျောင်းကိုသွားတာပါ” ဟု ကျွန်တော့်သူငယ်ချင်းက ပြန်ဖြေခဲ့သည်။
`ဘော့’ နှုတ်ဆိတ်သွားသည်။ ဤ အဖြေက သူမျှော်လင့်ထားသော အဖြေမဟုတ်ပါ။ သူသည် ပြီးပြည်စုံသူမဟုတ်၊ သူ့အကြောင်း သိနေသူတစ်ဦး၏ စကားကိုနားထောင်ရန် သူအဆင်သင့် မဖြစ်သေးပါ။ ကျွန်တော့် မိတ်ဆွေက ခရစ်ယာန်များသည် မိမိအားနည်းချက်အပြစ်ကိုသိပြီး ၀ိညာဉ်ရေးရာအတွက် ပြန်လည်တည်ဆောက်ရန် မပြတ်လိုအပ်ကြောင်း နားလည်ကြသည်ဟု ပြောပြသည်။ မိမိတို့ အပြစ်များကို မမှတ်ဘဲ တဖက်သတ် မျက်နှာသာပေးသည့်…
ပြည့်စုံစွာ ထောက်ပံ့ပြင်ဆင်ပေးသည်။
(၁၉)ရာစုနှစ်က ခွဲစိတ်ကိရိယာ တီထွင်သူ ဆွစ်လူမျိုး ဒီဇိုင်းနာ ‘ကားလ် အဲလ်ဆင်နာ’သည် စစ်သုံးဓားကိုတီထွင်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ ရသည်။ ယနေ့တွင် သူတီထွင်သည့် Swiss Army Knife ဓားသည် ဓားသွားအလွန်ထက်ပြီး အသုံးတည့်သော ကိရိယာဖြစ်သည်။ ထိုကိရိယာ တစ်ခုတည်း၌ ဘလိတ်ဓား၊ ကတ်ကြေး၊ မှန်ဘီလူး၊ လွှ၊ စည်သွပ်ဘူးဖောက်တံ၊ ၀က်အူလှည့်၊ ပေတံ၊ သွားကြားထိုးတံ၊ ဘောပင်စသည့် ကိရိယာများ အစုံအလင်ပါသည်။ တောထဲ ညအိပ်စခန်းချ သွားလျှင် ထိုကိရိယာတစ်ခုက အရေးကြုံလျှင် အသက်ရှင်နိုင်မည့် အခွင့်အရေးကို ဖန်တီးပေးမည့် အရာဖြစ်သည်။
အပြစ်နှင့်ဆိုးညစ်သော ကမ္ဘာကြီး၌ ၀ိညာဉ်ရေးရာ အသက်ဆက်နိုင်ရေး လက်နက် တပ်ဆင်ထားရန်လိုသည်။ ကျွန်ုပ်တို့၏ ၀ိညာဉ် အတွက် ဘုရားသခင်ကသမ္မာကျမ်းစာကို ၀ိညာဉ်တော်၏ ဓားအဖြစ်ပေးခဲ့သည်။ရှင်ပေါလု က“ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၍ ဘုရားသခင် ၏ လူသည်စုံလင်သောသူ၊…
သင်နှင့်အဘယ်သို့ဆိုင်သနည်း
ကလေးကွာယာသီချင်းဆိုပွဲကို သွားကြည့် လျှင် ကလေးများက သူ့ဆရာမကလွဲပြီး အခြား နေရာကို လျှောက်ကြည့်နေသည်ကိုတွေ့ရမည်။ ၎င်းသည် အဆန်းမဟုတ်ပါ။ ကလေးများ တစ်ယောက်နှင့် တစ်ယောက် တွန့်လိမ်၊ လူးလိမ့်ပြီး ထိုးကြ စကြသည်။ ခြေဖျားထောက်ပြီး ပရိသတ် ကြားမှ သူတို့၏မိဘများကို လိုက်ရှာကြသည်။ မိဘများကိုတွေ့လျှင် လက်မြှောက်ရမ်းပြကြသည်။ သီချင်းဆိုစဉ် သူတို့၏ ဟာသလုပ်ရပ်၊ လွဲချော်မှုများ ကို ကျွန်မတို့ ရယ်ပြုံးကြသည်။ ကလေးသဘာဝ အပြုအမူများက ချစ်ဖို့ကောင်းပါသည်။ လူငယ်များ ကွာယာဆိုချိန်၌ ရှေ့မှဦးဆောင်သူကို မကြည့်လျှင် ချစ်ဖို့မကောင်းတော့ပါ။ ကောင်းမွန်သည့် သီချင်းတစ်ပုဒ်ဖြစ်လာရေး သီဆိုသူများက ဦးဆောင်ညွှန်ကြားနေသူ၌ အဘယ်မျှအာရုံစိုက်သည်ဆိုသည့် အချက်အပေါ် မူတည်နေ သည်။ သို့မှသာ သီချင်းဆိုချိန်တွင် ညီညွတ်မျှတမှု ရှိလိမ့်မည်။
တစ်ခါတစ်ရံ ခရစ်ယာန်များသည် ကလေးကွာယာ၌ သီချင်းဝင်ဆိုနေသူများနှင့် တူသည်။ ဘ၀သံစုံတီးဝိုင်း၏ အကောင်းဆုံးဂီတမှူး ဘုရားသခင်ကို ကြည့်နေ၊…
ခေတ္တနားချိန်
ဘာစီလိုနားမြို့ မြောက်ဘက်မှ (၂)နာရီ ခရီးအကွာတွင်ရှိသည့် ‘အဲလ်ဘူလီ’ ဆိုသည့် စားသောက်ဆိုင်သည် အဘယ်မျှ နာမည်ကြီးသည် ဆိုလျှင်(၆)လမျှ ကြို၍နေရာယူရသည်။သို့ငြား လည်း စပိန်စားဖိုမှူး ‘ဖာရန် အဒြီယယ်’က အောင်မြင်ကျော်ကြားနေသည့် ဆိုင်ကြီးကို(၂) နှစ်ပိတ်ပြီး၊ သူနှင့်သူ့ ၀န်ထမ်းများ စဉ်းစားကြံဆ တီထွင်ပြီး အချိန်ယူ အစီအစဉ်ဆွဲရန်ဆုံးဖြတ်ခဲ့ သည်။ ‘အဒြီယယ်’ က ‘ဟမ်စဖီးယား’ မဂ္ဂဇင်း တွင် “တကယ်လို့ဆုတွေ အကုန်လုံးရရှိခဲ့မယ် ဆိုရင်လည်း ဘာပြောင်းစရာလိုလဲ? ဒါပေမဲ့ တစ်နေ့ (၁၅) နာရီလောက် အလုပ် လုပ်နေရလို့ တီထွင်ဖန်တီးဖို့ ကျွန်တော်တို့အတွက် အချိန်က မရှိသလောက်ပဲလေ” ဟုပြောခဲ့သည်။ အောင်မြင်မှု လမ်းခုလတ် ရောက်ချိန်တွင် သူတို့အတွက် အရေးကြီးဆုံးဖြစ်သည့် အရာအတွက် ခေတ္တ အနားယူ ရပ်တန့်ခဲ့သည်။
အန္တိအုတ်ရှိ ပထမရာစုနှစ် အသင်းတော်၌ “လူအပေါင်းတို့သည် ယုံကြည်၍ သခင်ဘုရားထံသို့…
မိမိစိတ်ကျေနပ်ပြီးပြည့်စုံရေး
မကြာမီက ရုပ်မြင်သံကြားမှ ထူးခြား ဆွဲဆောင်သည့် စားသောက်ဆိုင် ကြော်ငြာတစ်ခုကို ကြည့်ခဲ့ရသည်။ ထိုစားသောက်ဆိုင်တန်း၌ “မိမိ စိတ်ကျေနပ်မှုရရှိသည်အထိ ကိုယ့်ကိုယ်ကို ဧည်ခံ စားသုံးပါ” ဟု ဆိုထားသည်။ စိတ်ကျေနပ်ပျော်ရွှင် နိုင်ရေး အာလူး၊ အသား၊ ပါစတာ အချိုတည်းမည့် အစာ စသည်မျှသာ လိုအပ်ပါသည်ဆိုပါက ကောင်း ပေစွ။ သို့ငြားလည်း စိတ်ကျေနပ် ပျော်ရွှင်စေမည် ဟု မည်သည့် စားသောက်ဆိုင်ကမှ အာမမခံနိုင်ပါ။
ပျော်ရွှင်မှုကို အသက်တာကဏ္ဍ အတော် များများ၌ တွေ့ရခဲသည်။ အစားအသောက်နှင့် အခြားအရာများတွင် ပျော်ရွှင်မှုကို ရှာဖွေကြလည်း အဆုံး၌ စိတ်ကျေနပ်မှုကို လက်ဆုပ်လက်ကိုင် မမိဘဲ လွတ်သွားသည်သာ။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ရှာဖွေမှုက နှလုံးသားကိုမထိသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ရှာဖွေမှုများက ခဏတာပျော်ရွှင်ကြည်နူးမှုကိုသာ ရရှိခြင်းဖြစ်ပြီး၊ နှလုံးသားမှ အလိုချင်အတောင့်တဆုံးသော အမအစနှင့်တမ်းတမျှော်လင့်ခြင်းများ မပြည့်စုံ သေးပါ။…